About Us
WM သည်လုပ်ငန်းဆောင်တာများ လည်ပတ်ရာတွင်စံနှုန်း (၃) ခုကိုနှလုံးသွင်း ဆောင်ရွက်ပါသည်။ ထိုစံနှုန်းများမှာ-
တာဝန်ယူမူ
ပွင့်လင်းမြင်သာမူ
တီထွင်ဆန်းသစ်မူ
ထူးချွန်ပြောင်မြောက်မူကို အာမခံခြင်း
ဝမင်း စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းသည်အဆင့်အတန်းမြင့်မားမှုကို အလေးထားပြီး ဇိမ်ခံလူနေမှုဘဝကို တစ်ခေတ်ဆန်းသစ်စေပါသည်။ ကျွန်ုပ်တို့သည်တစ်မူထူးသော အထင်ကရ အဆောက်အအုံ အမျိုးမျိုး ကိုတူညီသော အမြင့်မားဆုံးစံနှုန်းများနှင့်အညီဆောက်လုပ်လျက်ရှိပါသည်။ ဝမင်း စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ငန်းသည် အကောင်းဆုံး တည်နေရာများ၊ အတော်ဆုံး ဗိသုကာများနှင့်ဒီဇိုင်နာများဖြင့်ဖွဲ့စည်းထား သော လုပ်ငန်းမိတ်ဖက်များအပြင် ကော်မစ်ရှင်၏ ပထမတန်း ကန်ထရိုက်တာများကိုရှာဖွေရာတွင် အသေးစိတ်တိုင်းကို အလေးထားဂရုပြုပြီး ဆောင်ရွက်ပါသည်။
ပတ်ဝန်းကျင်သဟဇာတဖြစ်မှု
ကူဘိုတာ ဂျိုကာစိုးစနစ် (Kubota Johkasou System) ကိုဝမင်းမှ မြန်မာနိုင်ငံတွင်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ အဆိုပါစနစ်၏ ပတ်ဝန်းကျင်သဟဇာတဖြစ်မှုကြောင့်ရန်ကုန်မြို့တော် စည်ပင်သာယာရာရေးကောင်စီနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့ကလည်း အသိအမှတ်ပြုထားပါသည်။
နံပါတ်တစ် ကြွေရည်စိမ်လုပ်ငန်း
ဝမင်းသည် မြန်မာ့နံပါတ်(၁) ကြွေရည်စိမ်အသုံး အဆောင်ပစ္စည်း ထုတ်လုပ် ဖြန့်ချီရေး ကုမ္ပဏီဖြစ်ပါသည်။ ဤ ဈေးကွက် တွင်ကျွန်ုပ်တို့၏အားသာချက်မှာ ဂျပန်နိုင်ငံ၏ ကင်ရှိုမာတာချီကော်ပိုးရေးရှင်း (Kinsho Martachi Corporation Japan) မှတင်သွင်း သောနည်းပညာကို အသုံးပြုထားခြင်းဖြစ်ပါသည်။ကျွန်ုပ်တို့၏ ကြွေရည်စိမ် အသုံးအဆောင်ပစ္စည်းများဟာ အခြားကြွေရည်စိမ်ထုတ်ကုန်များနှင်မတူဘဲ သက်တမ်းကြာရှည်ခံမည်ဖြစ်ကြောင်း အာမခံပါသည်။
ဝယ်ယူသူများ၏ စိတ်ကျေနပ်မူ
ကျွန်ုပ်တို့၏ လုပ်ငန်းကို၂၀၁၀ ခုနှစ်တွင်စတင်တည်ထာင်ခဲ့ပြီး အမျိုးမျိုးသော အဝတ်အထည်များ ဖန်တီးချုပ်လုပ်ခြင်း နှင့်အတူမျက် မှောက်ကာလ ကမ္ဘာ့အကြိုက်နှင့်ဖက်ရှင်အပေါ် အခြေခံကာ ဒီဇိုင်း အသစ်များဖန်တီးပြီး တီထွင်ဆန်းသစ်မှုများကိုဂုဏ်ယူစွာ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ကျွန်ုပ်တို့၏ ထုတ်ကုန်များကိုဂျပန်၊ ဟောင်ကောင်၊ ကိုရီးယားနှင့်ထိုင်းနိုင်ငံများကိုတင်ပို့လျက်ရှိပြီ ဆက်လက်၍လည်း တိုးချဲ့သွားပါမည်။
ယုံကြည်မူကို အခြေခံသောဆက်ဆံရေး
အန်နင်း (Anin) ဦးပိုင်ကုမ္ပဏီလီမိတက်သည်အရည်အေသွးပြည့် ကွန်ကရစ်ရောစာ ဝန်ဆောင်မှုများကို သဘာဝပတ်ဝန်းကျင်မထိခိုက်ေစေသာ နည်းလမ်းများဖြင့်ဆောင်ပေးသောလုပ်ငန်းများအနက် အလှင်မြန်ဆုံး ဖွံ့ဖြိုးလာနေသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ယုံကြည်မူကို အခြေပြုသော ဆက်ဆက်ရေးကောင်းများကိုလည်း တည်ဆောက်လျှက်ရှိပါသည်။
ပရော်ဖက်ရှင်နယ် ဘောလုံးအသင်း
ရှမ်းယူနိုက်တက် ဘောလုံးအသင်းသည် တောင်ကြီးမြို့တွင် အခြေစိုက်သော မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းဖြစ်ပါသည်။ မြန်မာနေရှင်နယ်လ်လိဂ် (MNL) တွင် ကြီးကျယ်ခမ်းနားသော ရှမ်းပြည်နယ်ကို ကိုယ်စားပြုနေသည့်အသင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ခရီးလမ်း
လုပ်ငန်းအောင်မြင်မူ မိုင်တိုင်များသည် မှတ်ကျောက်တိုင်များနှင့် အလားသဏ္ဌာန်တူပြီး စီးပွားရေးလုပ်ငန်းများက တိုးတက်အောင်မြင်နေကြောင်း ပြသပါသည်။သို့ဖြစ်၍ ဝမင်းသည်ကျွန်ုပ်တို့လျှောက်လှမ်းခဲ့သည့်
ခိုင်မာသော ခရီးလမ်း အနာဂတ်ရင်းနှီးမြှုပ်နှံမှုများအတွက် ဂုဏ်ယူဝမ်းမြောက်လျက်လုပ်ငန်းအသစ်များလည်း ဖြန့်ကျက် ဆောင်ရွက်လျက်ရှိပါသည်။ အုတ်မြစ်ချရာတွင်ပါဝင်နိုင်ခဲ့သော မိမိတို့၏ အခန်းကဏ္ဍအတွက်လည်း များစွာဂုဏ်ယူမိပါသည်။
ဝမင်းကိုဦးမြင့်ဝေက မိသားစုလုပ်ငန်းအဖြစ်စတင်တည််ထောင်ခဲ့ပြီး ပြည်တွင်းထုတ်အဝတ်အထည်များကိုဂျပန်နိုင်ငံသို့တင်ပို့ခဲ့ပါသည်။
ဦးမြင့်ဝေသည် နိုင်ငံ့ဝန်ထမ်းသမဝါယမဌာန (“GEC”) ၏ ဥက္ကဋ္ဌရာထူးမှအငြိမ်းစားယူခဲ့ပြီး ဝမင်းကိုအချိန်ပြည့် ဦးစီးစီမံခဲ့ပါသည်။
ခွန်နောင်မြင့်ဝေသည် ဝမင်းကိုမိသားစုလုပ်ငန်းအဖြစ်ဆက်လက်တည်တံ့စေရန်ရည်ရွယ်ပြီး ကုမ္ပဏီကိုဝင််ရောက်ခဲ့ပါသည်။
ဤပေါင်းစည်းမှုကြောင့်ဝမင်းသည်ရွှေတူးဖော်ခြင်း လုပ်ငန်းသို့ ဖြန့်ကျက်နိုင်ခဲ့ပါသည်။
အီတလီနိုင်ငံမှရရှိသော နည်းပညာများကိုအသုံးပြုပြီး ဝမင်း၏ တိုးပွားလာနေသော လုပ်ငန်းကဏ္ဍများတွင်ရွှေသန့်စင် စက်ရုံကို လည်း ထည့်သွင်းနိုင်ခဲ့ပါသည်။ ထိုအပြင် မြန်မာနိုင်ငံ၏ ပထမဆုံးရွှေသန့်စက်ရုံကို ဖွင့်လှစ်နိုင်ခဲ့သည် ဂုဏ်ကျက်သေရနှင့် ချီးမွမ်းထောပနာ ပြုမူတို့ကိုလည်း ရရှိခဲ့ပါသည်။
ခွန်နောင်မြင့်ဝေသည် ဝမင်းကုမ္ပဏီကိုဝင်ရောက်လာခဲ့ပြီးနောက် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုကိုအေထာက်အကူပြုစေရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုအနီးကပ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
ထိုနှစ်တွင်ပင်ဝမင်းသည်လုပ်ငန်းသစ် (၃) ခုကိုစတင်လည်ပတ်ခဲ့ပါသည်။ အထည်ချုပ်လုပ်ငန်း – ကိုက်ညှပ်ခြင်း ၊ ချုပ်လုပ်ခြင်း နှင့်ထုတ်ပိုးခြင်း (“CMP”) အထည်ချုပ်စက်ရုံကို တည်ထောင်ခဲ့ပြီး ဝယ်လိုအားတိုးပွားလာမှုကိုပံ့ပိုးနိုင်ရန်ဝန်ထမ်း (၃၀၀) ဦးကိုထပ်မံခန့်ထားခဲ့ပါသည်။
သတ္တုပြားလုပ်ငန်းသို့ချဲ့ ထွင်ရန်အတွက်ကြွေရည်စိမ်စက်ရုံကိုလက်လွှဲ ဝယ်ယူခဲ့ပါသည်။
သံဖြူနှင့်အဖြိုက်နက်တူးဖော်ရေးလုပ်ငန်းများအတွက်နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများနှင့်စတင်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ဝမင်းသည် အိမ်ခြံမြေဖွံ့ဖြိုးရေးနယ်ပယ်သို့ထပ်မံဖြန့်ကျက််ခဲ့ပါသည်။
ဝမင်းသည် မြန်မာနိုင်ငံအတွင်းရှိအိမ်ခြံမြေကို အလေးပေးဆောင်ရွက်ရန်WM အိမ်ခြံမြေဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုဌာနကိုဖွဲ့စည်းခဲ့ပါသည်။
ဝမင်းသည်ကူဘိုတာ ဂျိုကာစိုး ကေဇက်ဖိုက်(Kubota Johkasou KZ5) ရေသန့်စင်စနစ်အတွက်တပ်ဆင်ေရးလိုင်း/စက်ရုံကိုဖွင့်လှစ်ခဲ့ပြီး ထုတ်လုပ်နိုင်စွမ်းကိုတိုးချဲ့ ခဲ့ပါသည်။ ထိုနှစ်တွင်ပင်ကယားအပန်းဖြေစခန်း (Kayah Resort) အမည်ဖြင့်ဝမင်း၏ ပထမဆုံးဟိုတယ်ကိုလွိုင်ကော်မြို့နယ်၌ ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်များ အပန်းဖြေနိုင်ရန်အစွမ်းကုန်ဝန််ဆောင် ပေးနိုင်ခဲ့ပါသည်။
ဝမင်းသည်အလူမီနီယံနှင့်ဖန်မျက်နှာစာ ကုမ္ပဏီကိုဗီယက်နမ်နိုင်ငံမှခွန်ဒတ် (QuanDat) ကုမ္ပဏီနှင့်ဖက်စပ်တည် ထောင်ခဲ့ပါသည်။ ခွန်ဒက်သည်နှစ်ပေါင်း (၂၀) ကျော်ကြာ ရပ်တည်လာခဲ့သော လုပ်ငန်းအတွေ့အကြုံနှင့်နည်းပညာများ ပြည့်ဝနေသာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ WM Quan Dat ကုမ္ပဏီသည်အလူမီနီယံနှင့်ဖန်မျက်နှာစာများကိုဒီဇိုင်းဆွဲခြင်း၊ ပြုလုပ်ခြင်း၊ကုန်ပစ္စည်းပေးခြင်း၊ ထုတ်လုပ်ခြင်း ၊ တပ်ဆင်ခြင်းနှင့်ပြုပြင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ပါသည်။
ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ဖလားကိုဒုတိယတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းလုပွဲတွင်လည်း အနိုင်ရရှိခဲ့ပါသည်။
ဝမင်းနှင့်အန်ဂျို (Anjo) ကုမ္ပဏီတို့သည် မြန်မာနိုင်ငံ အခြေစိုက်ဂျပန်အလုပ်အကိုင်နှင့်ဝန်ထမ်းရှာဖွေရေး အေဂျင်စီတစ်ခုကို တည်ထောင်ရန်လက်တွဲမူ စာချွန်လွှာကိုလက်မှတ် ရေးထိုးခဲ့ပါသည်။
ဝမင်းနှင့်အန်ဂျိုကုမ္ပဏီတို့သည် WM-Anjo အလုပ်အကိုင်နှင့်ဝန်ထမ်း ရှာဖွေရေး အေဂျင်စီလိုင်စင်ကို ခွင့်ပြုမိန့် ရရှိခဲ့သည့်အတွက် ရန်ကုန် အခြေစိုက် ဂျပန်ဘာသာစကားသင်တန်းနှင်တွဲဖက်၍ စတင်လည်ပတ်ခဲ့ပါသည်။
ရှမ်းယူနိုက်တက်အသင်းသည်၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီး ရာသီတစ်လျှောက်ရှုံးပွဲမရှိ ယှဥ်ပြိုင်နိုင်ခဲ့ပါသည်။
နာယက
ဦးမြင့်ဝေသည်၁၉၉၆ ခုနှစ်တွင်ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့သူဖြစ်ပြီး ဘုတ်အဖွဲ့၏ စွမ်းဆောင်ရည်နှင့်ကုမ္ပဏီ၏ မဟာဗျူဟာမြောက်ဦးတည်ချက်တို့အတွက်တာဝန်ရှိသူဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင်စက်မှုအင်ဂျင်နီယာ သိပ္ပံဘွဲ့ကိုတိုကျိုနည်းပညာတက္ကသိုလ်မှရရှိခဲ့ပြီး အိုဆာကာ နိုင်ငံခြားဘာတက္ကသိုလ်မှဂျပန်ဘာသာ ဒီပလိုမာကိုရရှိခဲ့ပါသည်။ ထို့အပြင် ဦးမြင့်ဝေသည် တိုရှီဘာကုမ္ပဏီ၏ ဒေတာစီမံပြုပြင်ရေးစင်တာ - အိုင်ဘီအမ် ၇၀၉၀ တွင် နှစ်နှစ်ခွဲခန့်အလုပ်သင်ခဲ့ပြီး ၁၉၇၅ ခုနှစ် တွင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ထို့နောက် ကြွေရယ်စိမ် အသုံးဆောင် ပစ္စည်းစက်ရုံတွင် အထွေထွစီမံခန့်ခွဲရေးမူးတာဝန် ထမ်းဆောင်ခဲ့သည်မှာ ၁၉၉၃ ခုနှစ်နိုင်ငံ့ဝန်ထမ်း သမဝါယမဌာန (“GEC”) က စက်ရုံကိုလက်လွှဲ ဝယ်ယူသည့် အချိန်အထိဖြစ်ပါသည်။ ထိုနှစ်အတွင်းပင်ဦးမြင့်ဝေသည် GEC ၏ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။
ဦးမြင့်ဝေသည် မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)၏ ၁၂ နှစ်ကြာ အသင်းဝင်တစ်ဦးလည်း ဖြစ်ပါသည်။ဤအသင်းသည်ဂျပန်နိုင်ငံတွင် အခြားညီနောင်အသင်းအဖွဲ့များနှင့်ချိတ်ဆက်ထားသည့်အကြီးဆုံးအသင်းအဖွဲ့ဖြစ်ပါသည်။မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံမှကျော်ကြားသော ပညာရှင်များအပါအဝင်အသင်းဝင်ေပါင်း ၁,၅၀၀ ကျော်ရှိပါသည်။ MAJA ၏ ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ထမ်း ဆောင်နေသော ဦးမြင့်ဝေသည် ဤလူမှုကွန်ရက်ကိုအသုံးပြု၍ အာရှတစ်လွှား ကွာဟချက်များ ကိုဖြည့်ဆည်းပံ့ပိုးပေးခြင်း၊ ဆက်ဆံရေးကောင်းများ တိုးမြှင့်ခြင်းနှင့်ဂျပန်နည်းပညာနှင့်အတတ်ပညာတို့ကို မြန်မာလူမျိုးများထံ ယူဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ခရီးလမ်း
စတင်တည်ထောင်စဉ်ကတည်းက ထားရှိခဲ့သော ဝမင်း၏ ရေရှည်ရည်မှန်းချက်သည် ရှယ်ယာရှင်များ၏ အမြတ်အစွန်းကို အမြင့်မားဆုံး မြှင့်တင်နိုင်ရန်ဖြစ်ပါသည်။ အဆိုပါ အခြေခံမူကို လက်ကိုင်ထား၍ ကျွန်ုပ်တို့၏ကုမ္ပဏီသည်အရည်အေသွး ကိုအသားပေးပြီး စည်းစနစ်ကျသော လုပ်ငန်းအစဉ်အလာကိုတည်ဆောက်ထားပါသည်။
ဝမင်းတွင် ကျွန်ုပ်တို့လုပ်ဆောင်နေသည်များကိုလေ့လာလိုက်ပါ။ နောက်ဆုံးရ သတင်းများ၊ အချက်အလက်များ၊ ထုတ်ကုန်နှင့်ကနဦးလှုပ်ရှားမှုအမျိုးမျိုး၏ အခြေအနေများအပြင် အနာဂတ်တွင်လုပ်ဆောင်မည့်လုပ်ငန်းသစ် များအကြောင်း အားလုံးကိုဖတ်ရှုနိုင်ပါသည်။